



- RENTAL SERVICES
- REPAIRS
- MAIANTENANCE
- IMPORT & EXPORT
- SAFTY EDUCATION & TRAINNING FACILITY OF MACHINE OPERATORS
ဂုဏ်ယူဝံ့ကြွားလောက်ဖွယ်အရည်အသွေး၊ယုံကြည်အားထားလောက်သောကုမဏီအံ့သြလောက်ဖွယ်အရည်အချင်းပြည့်မှီသောဝန်ထမ်းများနှင့်ဖွဲ့စည်းထားသောMyanmar
Kinan
မှတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာမည့်မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်သုံးစွဲမည့်စက်ပစည်းများ။အရည်အချင်းပြည့်မှီသောဝန်ထမ်းများကမြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုအတွက်တစ်ဖက်တစ်လမ်းမှဝန်ဆောင်မှုများကိုပေးသွားမှာဖြစ်ပါသည်။ဝန်ဆောင်မှုတွင်နာမည်ကြီးသောဂျပန်နိုင်ငံရဲ့ဝန်ဆောင်မှုများနှင့်လူကြီးမင်းတို့ဧ။်လုပ်ငန်းများအတွက်MYANMAR
KINANကို2015တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။
MYANMAR KINAN
သည်ဂျပန်နိုင်ငံတွင်ရှိသောကုမဏီများကဲ့သို့သောတူညီသောဝန်ဆောင်မှုများကိုပေးသွားမှာဖြစ်ပါသည်။Rental
Service
ကိုအဓိကအဖြစ်ဝန်ဆောင်ပေးလျှက်စက်ပြင်ဆင်မှု၊ထိန်းသိမ်းမှုများကိုလည်းတွဲဖက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါသည်။
Rental Service
ဝန်ဆောင်မှုလုပ်ငန်းသည်မြန်မာနိုင်ငံတွင်မတွင်ကျယ်သေးသော်ငြားလည်းတိုးတက်ဖွံဖြီုးပြီးနိုင်ငံများတွင်တွင်ကျယ်စွာအသုံးပြုနေသောဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။ထိုဝန်ဆောင်မှုများကိုMYANMAR
KINANမှမြန်မာနိုင်ငံမှလူကြီးမင်းများကိုလည်းမိတ်ဆက်ပေးချင်ပါသည်။ထိုဝန်ဆောင်မှုများကတော့လိုအပ်သောအချိန်လိုအပ်သောစက်ပစည်းကိုလိုအပ်သလောက်အချိန်အတိုင်းအတာထိငှါးရမ်းပေးမည်ဖြစ်ပါသည်။MYANMAR
KINAN
ရဲ့စက်ပစည်းများကိုအဆင်ပြေသက်သာသောနှုန်းထားနှင့်ငှါးရမ်းအသုံးပြုခြင်းဖြင့်လူကြီးမင်းတို့ဧ။်Costများကိုလျှော့ချနိုင်မှာဖြစ်ပါသည်။ထို့အပြင်
စက်ပစည်းလုံလောက်မှုမရှိလုပ်ငန်းခွင်နှောင့်နှေးကြန့်ကြာခြင်းများမဖြစ်ပေါ်အောင်ကူညီဆောင်ရွက်ပေးခြင်းဖြင့်လူကြီးမင်းတို့ဧ။်လုပ်ငန်းများအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်မှာဖြစ်ပါသည်။
ကျွန်ုပ်တို့ရဲ့MYANMAR KINAN
ကုမဏီသည်လူကြီးမင်းတို့ရဲ့လက်တွဲဖော်အဖြစ်အချိန်တိုင်းမှာလိုအပ်တဲ့ဝန်ဆောင်မှုများကိုလုပ်ဆောင်ပေးမှာဖြစ်ပါသည်။
SERVICE LIST


- 1Site Preparation / Planting Work / Construction Work
- 2Site Preparation / Treatment of Construction Byproduct / Construction Materials
- 3Port & Harbor Construction / Energy Work
- 4Construction Work / Drainage Works / Demolition Work
- 5Road Works / Snow-Removal Work / Bridge Construction Work
- 6Tunnel Construction / Underground Work / Telecommunications Construction
- 7Planting Work / Underground Work / Environmental Preservation Work
We offer most suitable machine to your work site


Myanmar Kinan မှဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစည်း၊စက်ရုံသုံး အလုပ်ရုံသုံးစက်ပစည်းစသော နယ်ပယ်အသီးသီးတွင်အသုံးပြုနိုင်သည့်စက်ပစည်းများကိုငှါးရမ်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ Myanmar Kinan မှဆောက်လုပ်ရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော Excavator ၊ဘူဒိုဇာစသော စက်ကြီးများ၊လေးလံကြီးမားသော ပစည်းသယ်မရာတွင်အသုံးပြုသော Forkclick၊မီးစက်များ၊ရေစုပ်စက်များ(Motor Pumps)စသည့် အမျိုးမျိုးသောပစည်းများကို လိုအပ်သောအချိန်တွင် ငှါးရမ်းအသုံးပြုနိုင်စေရန် ၀န်ဆောင်မှုပေးမှာဖြစ်ပါသည်။ထို့အပြင် လူကြီးမင်းတို့ဧ။်လုပ်ငန်းတွင် မည်သို့သောစက်ပစည်းများအား အသုံးပြုသင့်သည်ကို မသိနားမလည်ခြင်းစသော အခက်အခဲများရှိခဲ့လျှင်လည်း Myanmar Kinan ကုမဏီမှကျွမ်းကျင်ဝန်ထမ်းများက လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအကြံဥာဏ်ပေးခြင်းဖြင့် လုပ်ငန်းခွင်နှင့်ကိုက်ညီအသုံးဝင်သောပစည်းကို ငှါးရမ်းအသုံးပြုနိုင်မည်ဖြစ်သောကြောင့် လုပ်ငန်းများကို လျင်မြန်ချောမွေ့စွာ ပြီးစီးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Repair Service


ဂျပန်နိုင်ငံစက်ပြင်ကျွမ်းကျင်လက်မှတ်ရ၀န်ထမ်းများမှ
စက်ပစည်းထုတ်လုပ်သောကုမဏီ(HITACHI,CAT,VALVO )များသို့သွားရောက်ကာစက်ဖွဲ့စည်းမှု ၊
ပြင်ဆင်မှုစသည်တို့ကိုလေ့လာသင်ယူခြင်းဖြင့် နည်းပညာများကိုမြှင့်တင်ပါသည် ။
မြန်မာနိုင်ငံလည်း ဂျပန်နိုင်ငံလုပ်ဆောင်သော စံနှုန်းများနည်းတူ
မြန်မာနိုင်ငံမှဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားမည်ဖြစ်ပါသည် ။ထို့ကြောင့်
လုပ်ငန်းခွင်တွင်
ရုတ်တရက်စက်ပျက်ခြင်း ၊ချို့ယွင်းခြင်းဖြစ်ပေါ်လုပ်ငန်းခွင်ရပ်ဆိုင်းခြင်း
စသောဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အလို့ငှါ လျင်မြန်စွာနှင့်ပြန်လည်ကောင်းမွန်စေရန် Myanmar
Kinan Repair Service မှကူညီဆောင်ရွက်ပေးမှာဖြစ်ပါသည် ။
Maintenance Service


မြန်မာနိုင်ငံသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမဏီအများအပြားဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဆောက်လုပ်ရေးလုပ်ငန်းများတဖြည်းဖြည်းတိုးတက်လာဖွယ်ရှိသည်ဟု ပညာရှင်များကတွေးထင်သုံးသပ်ကြပါသည်။စက်ရုံအလုပ်ရုံများ များပြားလာသည်နှင့်အမျှ စက်ပျက်စီးချို့ယွင်းမှုပြသာနာများသည်လည်း များစွာဖြစ်ပေါ်လာနိုင်ပါသည် ။ထိုပျက်စီးချို့ယွင်းမှုများအတွက် ပြုပြင်ထိန်းသိမ်းမှု Maintain(Maintenance) Service သည်လည်းမရှိမဖြစ်လိုအပ်ပါသည်။ ဂျပန်နိုင်ငံရှိ Kinan ကုမဏီသည်စက်ပစည်းအမျိုးမျိုးကိုပြင်ဆင်ခြင်း ထိန်းသိမ်းခြင်း(Maintenance) စသောဝန်ဆောင်မှုအတွက် နည်းပညာ ၊ ကျွမ်းကျင်မှု ၊ အတွေ့အကြုံ စသည်တို့ဖြင့် လူသိများကျော်ကြားသော ကုမဏီတခုဖြစ်ပါသည် ။ထို့ကြောင့် စက်ပျက်စီးချို့ယွင်းအခက်အခဲကြုံခဲ့လျှင် ကျွန်ုပ်တို့ဧ။် Myanmar Kinan ကိုဆက်သွယ်ပါက လူကြီးမင်းတို့ဧ။် စက်ပစည်းများအတွက်အကောင်းဆုံးနှင့် အဆင်ပြေဆုံးဝန်ဆောင်မှုတွေပေးမှာဖြစ်ပါသည် ။ စက်ပျက်ခြင်း ချို့ယွင်းခြင်းများ မဖြစ်မှီ ကြိုတင် ထိန်းသိမ်းခြင်း(Maintenance) ပြုလုပ်ပေးခြင်းသည်လည်း လူကြီးမင်းတို့ဧ။် စက်များကို ပိုမို သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်မည့် နည်းလမ်းကောင်းဖြစ်ပါသည် ။ ထို့ကြောင့် Myanmar Kinan Maintain(Maintenance) Service ကိုဆက်သွယ်နိုင်ပါသည် ။
Import and export of industrial machines


မြန်မာနိုင်ငံသည် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ပညာရှင်များဧ။် လေ့လာသုံးသပ်ချက်အရ သိရှိရပါသည် ။ ထို့သို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဆောက်အအုံသစ်များ တည်ဆောက်ခြင်း ၊ လမ်းတံတားများဆောက်လုပ်ခြင်း ၊ ချဲ့ ထွင်ခြင်း စသည်အမျိုးမျိုးသော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစည်းများ လိုအပ်လာမည်ဟု ခန့်မှန်းသုံးသပ်ကြပါသည် ။ ထိုပစည်းများ ဧ။် တန်ဖိုးမှာကြီးမြင့်သောကြောင့် ၀ယ်ယူအသုံးပြုမည်ဆိုလျှင် ကုန်ကျစရိတ်အလွန်ကြီးမည် ဖြစ်ပါသည် ။ ထို့သို့ မဖြစ်စေရန် Myanmar Kinan မှစက်သစ်ကြီးများနှင့်မခြား ဂျပန်နိုင်ငံထုတ် အရည်အသွေးစိတ်ချကောင်းမွန်သော Second Hand များကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်ရန်လည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည် ။
Safety Education/Training Center for Mechanic Operator


Myanmar Kinan ကုမဏီမှလူကြီးမင်းတို့ဧ။်လုပ်ငန်းများအဆင်ပြေရန်ရည်ရွယ်ကာ
ဝန်ဆောင်မှုအသစ်တစ်ခုနှင့် မိတ်ဆက်ပေးပါမည် ။၎င်းမှာ အချို့သောစက်များ(Excavator ,
Budozar…..)ကို ငှါးရမ်းလျှင်စက်ကိုင်တွယ်မောင်းနှင်ရန်အော်ပရေတာဝန်ထမ်းတစ်ယောက်ကိုပါ
လိုက်ပါစေမည့်ဝန်ဆောင်မှုဖြစ်ပါသည် ။ ဂျပန်နိုင်ငံ၌ သေချာစွာ လေ့ကျင့်သင်ကြားပေးထားသော
ဝန်ထမ်းများဖြစ်ပါသည် ။
ထို့ကြောင့် စက်အသုံးပြုနည်း တတ်ကျွမ်းနားလည်မှုမရှိ လုပ်ငန်းခွင်အဆင်မပြေဖြစ်ခြင်းများမှ
ကင်းလွတ်ရန် Myanmar Kinan ကုမဏီမှ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်အော်ပရေတာနှင့်အတူ
စက်ပစည်းများကို ငှါးရမ်းအသုံးပြုနိုင်မှာဖြစ်ပါသည် ။
ကိုယ်တိုင်လာရောက် သင်ယူလိုလျှင်လည်း Myanmar Kinan ကုမဏီတွင် လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်
။
အသေးစိတ်သိရှိလိုပါက Support
တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ။
BUSINESS NEWS
- 2020.11.30The homepage renewal has been completed.
- 2020.11.20Company profile download added
- 2020.05.01Notice of relocation of Yangon Branch
- 2020.03.10MYANMAR JAPON Special article introduction NO.3
- 2019.10.23MYANMAR JAPON Special article introduction NO.2
- 2019.01.21Myawaddy Branch New Open
- 2018.08.18Yangon branch new open